Wednesday, February 29, 2012

လတစ်စင်းအားရူးသွပ်ခြင်း

လမင်းကို မျှားစဉ်က
ပါလာတဲ့ အိမ်မက်အပိုင်းအစတွေဟာ
အယ်ကိုဟောလိုတိုးဝင်းပြီး
စကားအိတ်တွေဖောက်ချခဲ့တယ်.......။
စက်တင်ဘာလ လယ်လောက်က
သိကာတွေကို မီးတင်ရှို့
လမင်းဖို့ဆိုပြီး
အသည်းနှလုံးကို ယဇ်ပူဇော်ခဲ့ဖူးတယ်.....။
 သြော်   ပေါ့ပျက်တဲ့စကားလုံးတွေနဲ့
ရွှေနားတော် မသွင်းချင်တဲ့ငါ
စောင်းကြိုးညှိတုန်း
လကွယ်ခဲ့ပြီပေါ့........။

                                                                                                                              ဒွန်


အားလုံးငါ


အိမ်မက်နန်းတော်တစ်ခု
ငါတည်ဆောက်ခဲ့တယ်
မင်းဟာ ဘုရင်မပေါ့.......။
မင်းရဲ့တိုင်းပြည်မှာ
သူရဲကောင်းလည်းငါ
လူဆိုးလည်းငါ
ပြည်သူလည်းငါ
အခွန်ထမ်းလည်းငါ
အရာအားလုံးဟာ ငါပါ......။
ဒါပေမဲ့
ဘုရင်ကတော့ ငါ မဟုတ်ခဲ့ပါလား......။

                                                      ဒွန်

Thursday, February 23, 2012

ချစ်တဲ့အခါ

လူတစ်ယောက်ကို ချစ်တဲ့အခါ........

သူ မပေးနိုင်တာကို အပြစ်မဆိုပါနဲ့
သူပေးနိုင်တာကိုပဲ တန်ဖိုးထားမြတ်နိုးပါ။
from      Nine Nine Sanay @ နိုင်းနိုင်းစနေ 
http://www.facebook.com/99sanay

ဒီဘ၀တော့

အလွမ်းတွေရယ်
ငါ့ရင်ခွင်ကို မခေါက်ပါနဲ့
အထဲမှာ ဝေဒနာတွေ
အိပ်ပျော်နေတုန်းပါ.....

မျက်လုံးထဲ ကရေကာတာတွေ
ကျိုးပျက် လွင့်စင်သွားခဲ့ပြီး 
မင်းရဲ့ပုံရိပ်တွေနဲ့ စီးချက်လိုက်
နှလုံးသားကို တီးခတ်ကာ
ခံစားချက်ကို သီဆိုလိုက်ချင်တယ်
သြော်ဒီဘဝ
ပြန်ဆုံဖို့ မလွယ်ပါလား......။

Wednesday, February 22, 2012

လူရွှင်တော်

ဟာသတစ်ခုကို
ကဗျာလုပ်ပြီးရေးရင်
ငါ့ရဲ့ရင်ဘက်တွေ
နာနာနေတယ်.....
သူများတကာ
ပြုံးလို့ပျော်ရွှင်နေချိန်
ဒဏ်ရာ ဒဏ်ချက်တွေနဲ့ငါ
ပြီးပြတ်အောင် ကရမှာပေါ့.....
ဇတော့မရှိဘူး
လူတွေဆုံပြီး
လက်ခုပ်တီးချိန်
ရသတစ်ခုအနေနဲ့
ဗလတော့ပြရတာပေါ့....။

ဝေဒနာ အရောင်းဆိုင်

နှင်းဆီရောင် ကားချပ်တွေနဲ့
မှိန်ပျပျ အလင်းရောင်ဖွင့်ထားတဲ့
အလုံပိတ် အခန်းကျင်းလေးထဲမှာ
ငါ့ နှလုံးသားလေးရှိတယ်
ကချေသည် မရှိ
လက်ခုပ်သံ မရှိ
တီးခတ်သူ မရှိ
ဇတ်ညွှန်း မရှိ
ဒါရိုက်တာ မရှိလည်း
ဇတ်လမ်းကတော့ လွမ်းစရာပါလား...။

ခဏတာ

အစကတည်းက စွန့်လွှတ်ခဲ့ပြီးသားပါ
ဒါပေမယ့်
"ခဏတာ ပိုင်ဆိုင်ရလည်း.." ဆိုတဲ့စိတ်နဲ့
ရောင့်ရဲနေခဲ့တာ...။
တစ်နေ့နေ့တစ်ချိန်ချိန်မှာ နေခဲ့ရမယ်မှန်းလည်း
သိနေပြီးသားပါ...ဒါပေမယ့်
"ခဏတာ ချစ်ခွင့်ရရင်လည်း..."ဆိုတဲ့နှလုံးသားနဲ့
မိုက်မဲစွာ ဆက်ချစ်နေခဲ့တာ...။
အရင်အချိန်ကတည်းက
မင်းမချစ်မှန်းလည်း ရိပ်မိနေပြီးသားပါ
ဒါပေမယ့်
"တစ်စက္ကန့်ထက် ပိုမယ်ဆိုရင်လည်း..." ဆိုတဲ့လောဘလေးနဲ့
မင်းဘေးမှာနေချင်ခဲ့တာပါ...။
့