လမင်းကို မျှားစဉ်က
ပါလာတဲ့ အိမ်မက်အပိုင်းအစတွေဟာ
အယ်ကိုဟောလိုတိုးဝင်းပြီး
စကားအိတ်တွေဖောက်ချခဲ့တယ်.......။
စက်တင်ဘာလ လယ်လောက်က
သိကာတွေကို မီးတင်ရှို့
လမင်းဖို့ဆိုပြီး
အသည်းနှလုံးကို ယဇ်ပူဇော်ခဲ့ဖူးတယ်.....။
သြော် ပေါ့ပျက်တဲ့စကားလုံးတွေနဲ့
ရွှေနားတော် မသွင်းချင်တဲ့ငါ
စောင်းကြိုးညှိတုန်း
လကွယ်ခဲ့ပြီပေါ့........။
ဒွန်
No comments:
Post a Comment