Saturday, March 24, 2012

ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ?



ပျော်ရွှင်ခြင်းဆိုတာ
တွဲထားချင်တဲ့လက်တစ်စုံကို တွဲပြီး
ခယောင်းလမ်းကို အတူဖြတ်ကျော်တာဖြစ်တယ်
အထီးကျန်ခြင်းကို အတူဖြတ်သန်းတာဖြစ်တယ်။

အဖော်ပြုချင်သူတစ်ယောက်ကို အဖော်ပြုပြီး
ဝမ်းသာချိန် အတူရယ်မောတာဖြစ်တယ်
ဝမ်းနည်းချိန် အတူငိုကြွေးတာဖြစ်တယ်။

ပိုင်ဆိုင်ချင်တဲ့ နှလုံးသားတစ်စုံကို ပိုင်ဆိုင်ထားပြီး
ထပ်တလဲလဲဖြစ်နေတဲ့နေ့ရက်ကို မပျင်းမရိ အတူဖြတ်ကျော်တာဖြစ်တယ်
အမြဲလုပ်နေရတဲ့အလုပ်ကို မငြီးမငွေ့ အတူလုပ်တာဖြစ်တယ်။

ရင်ထဲမှာအချစ်ရှိရင်၊ ရင်ထဲမှာ မေတ္တာရှိရင်
ငါတို့ပျော်ရွှင်ရတယ်
ပျော်ရွှင်ခြင်းက
တွေ့စရဲ့ကတိထဲမှာ
နေ့ရက်တိုင်းရဲ့ စိတ်ကူးအိပ်မက်ထဲမှာ ရှင်သန်တယ်။


                                                                  By: Nine Nine Sanay @ နိုင်းနိုင်းစနေ