Wednesday, February 22, 2012

ဝေဒနာ အရောင်းဆိုင်

နှင်းဆီရောင် ကားချပ်တွေနဲ့
မှိန်ပျပျ အလင်းရောင်ဖွင့်ထားတဲ့
အလုံပိတ် အခန်းကျင်းလေးထဲမှာ
ငါ့ နှလုံးသားလေးရှိတယ်
ကချေသည် မရှိ
လက်ခုပ်သံ မရှိ
တီးခတ်သူ မရှိ
ဇတ်ညွှန်း မရှိ
ဒါရိုက်တာ မရှိလည်း
ဇတ်လမ်းကတော့ လွမ်းစရာပါလား...။

No comments:

Post a Comment