Wednesday, February 22, 2012

လူရွှင်တော်

ဟာသတစ်ခုကို
ကဗျာလုပ်ပြီးရေးရင်
ငါ့ရဲ့ရင်ဘက်တွေ
နာနာနေတယ်.....
သူများတကာ
ပြုံးလို့ပျော်ရွှင်နေချိန်
ဒဏ်ရာ ဒဏ်ချက်တွေနဲ့ငါ
ပြီးပြတ်အောင် ကရမှာပေါ့.....
ဇတော့မရှိဘူး
လူတွေဆုံပြီး
လက်ခုပ်တီးချိန်
ရသတစ်ခုအနေနဲ့
ဗလတော့ပြရတာပေါ့....။

No comments:

Post a Comment