Wednesday, February 22, 2012

ခဏတာ

အစကတည်းက စွန့်လွှတ်ခဲ့ပြီးသားပါ
ဒါပေမယ့်
"ခဏတာ ပိုင်ဆိုင်ရလည်း.." ဆိုတဲ့စိတ်နဲ့
ရောင့်ရဲနေခဲ့တာ...။
တစ်နေ့နေ့တစ်ချိန်ချိန်မှာ နေခဲ့ရမယ်မှန်းလည်း
သိနေပြီးသားပါ...ဒါပေမယ့်
"ခဏတာ ချစ်ခွင့်ရရင်လည်း..."ဆိုတဲ့နှလုံးသားနဲ့
မိုက်မဲစွာ ဆက်ချစ်နေခဲ့တာ...။
အရင်အချိန်ကတည်းက
မင်းမချစ်မှန်းလည်း ရိပ်မိနေပြီးသားပါ
ဒါပေမယ့်
"တစ်စက္ကန့်ထက် ပိုမယ်ဆိုရင်လည်း..." ဆိုတဲ့လောဘလေးနဲ့
မင်းဘေးမှာနေချင်ခဲ့တာပါ...။

No comments:

Post a Comment