အစကတည်းက စွန့်လွှတ်ခဲ့ပြီးသားပါ
ဒါပေမယ့်
"ခဏတာ ပိုင်ဆိုင်ရလည်း.." ဆိုတဲ့စိတ်နဲ့
ရောင့်ရဲနေခဲ့တာ...။
တစ်နေ့နေ့တစ်ချိန်ချိန်မှာ နေခဲ့ရမယ်မှန်းလည်း
သိနေပြီးသားပါ...ဒါပေမယ့်
"ခဏတာ ချစ်ခွင့်ရရင်လည်း..."ဆိုတဲ့နှလုံးသားနဲ့
မိုက်မဲစွာ ဆက်ချစ်နေခဲ့တာ...။
အရင်အချိန်ကတည်းက
မင်းမချစ်မှန်းလည်း ရိပ်မိနေပြီးသားပါ
ဒါပေမယ့်
"တစ်စက္ကန့်ထက် ပိုမယ်ဆိုရင်လည်း..." ဆိုတဲ့လောဘလေးနဲ့
မင်းဘေးမှာနေချင်ခဲ့တာပါ...။
့
Wednesday, February 22, 2012
သူမင်းကို ချစ်တယ်
နေမင်းကြီးရွေ့လျားနေတယ်ဆိုတာ သံသယဖြစ်ချင်ဖြစ်ပါ...
မုသားစကား ဆိုတတ်သူကို အမှန်တရားအတွက် သံသယဖြစ်ချင်ဖြစ်ပါ...
ဒါပေမဲ့ ငါမင်းကိုချစ်တာကိုတော့ ဘယ်တော့မှ သံသယအဖြစ်ပါနဲ့.........
Tuesday, February 21, 2012
Sunday, February 19, 2012
နားလည်တတ်ဖို့ ကောင်းတယ်
မင်းကြည့်တဲ့အကြည့်တွေဟာ
ငါ့အတွက်
နေခဲ့တော့ဆိုတာ
ငါမြင်တတ်ဖို့ ကောင်းတယ်.......
မင်းနှုတ်ဆက်တာတွေဟာ
ငါ့အတွက်
ထာဝရခွဲရအောင်လို့ ပြောမှန်း
ငါနားလည်တတ်ဖို့ ကောင်းတယ်.......
ငါ့အတွက်
နေခဲ့တော့ဆိုတာ
ငါမြင်တတ်ဖို့ ကောင်းတယ်.......
မင်းနှုတ်ဆက်တာတွေဟာ
ငါ့အတွက်
ထာဝရခွဲရအောင်လို့ ပြောမှန်း
ငါနားလည်တတ်ဖို့ ကောင်းတယ်.......
အရမ်းမလွမ်းပါဘူး.....
ငါနင့်ကို အရမ်းမလွမ်းပါဘူး.. မနက်နိုးလာတဲ့အချိန် ဖုန်းထဲမှာ နင့်မက်ဆေ့ရှိမရှိ ကြည့်ရုံလေးပါပဲ။
ငါနင့်ကို အရမ်းမလွမ်းပါဘူး.. သီချင်းနားထောင်တဲ့အချိန် စာသားတချို့ကြောင့် နင့်ပုံရိပ်ကို မြင်ယောင်မိရုံလေးပါပဲ။
ငါနင့်ကို အရမ်းမလွမ်းပါဘူး.. အိပ်ရာကနိုးလာတိုင်း နင့်ကိုအရင်ဆုံး သတိရမိရုံလေးပါပဲ။
ငါနင့်ကို အရမ်းမလွမ်းပါဘူး.. နင့်ပုံစံ၊ နင့်အသံကို မြင်ချင် ကြားချင်ရုံလေးပါပဲ။
ငါနင့်ကို အရမ်းမလွမ်းပါဘူး.. အိပ်မက်တိုင်းမှာ နင်အရိပ်တွေရှိနေရုံလေးပါပဲ။
ငါနင့်ကို အရမ်းမလွမ်းပါဘူး.. နေ့တိုင်း နင့်FB ထဲ ဝင်ကြည့်ချင်မိရုံလေးပါပဲ။
ငါ နင့် ကို အ ရမ်း မ လွမ်း ပါ ဘူး..............from နိုင်းနိုင်းစနေ

Saturday, February 18, 2012
အရင်လို
အရမ်းအေးတဲ့ ဒီလိုဆောင်းတွင်းမှာ အေးနေတဲ့ နင့်လက်ကလေးတွေကို ငါ့ရင်ခွင်ထဲမှာထားပြီး အဖြူရောင်နှင်းမူန်တွေကြားထဲမှာ နင့်ရဲ့နူတ်ခမ်းလေးကို အရင်လို အနမ်းတွေပေးချင်သေးတယ်............
ငါနင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာ နင်သိစေဖို့
ချစ်ရတဲ့သူရယ်
နင့်ကိုငါအရမ်းသတိရနေတယ်....ငါ့အနားမှာနင်မရှိတာ အတော်ကြာရောပေါ့....နင်ငါ့ကိုအရင်လိုချစ်သေးရဲ့လား....ငါသိချင်ပါရဲ့......နင့်အသံလေးကိုကြားချင်ပါရဲ့.....
နင့်ကိုငါအရမ်းသတိရနေတယ်....ငါ့အနားမှာနင်မရှိတာ အတော်ကြာရောပေါ့....နင်ငါ့ကိုအရင်လိုချစ်သေးရဲ့လား....ငါသိချင်ပါရဲ့......နင့်အသံလေးကိုကြားချင်ပါရဲ့.....
Subscribe to:
Posts (Atom)